25 C
Yangon

ရန်ကုန်၊ ထန်းတပင်မြိုနယ်အတွင်း စစ်မှုထမ်းရန် အဓမ္မ လူစုဆောင်းနေသူများကို ထိထိရောက်ရောက် အရေးယူမည်ဟု ပကဖ အဖွဲက ကြေညာ

Must read

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်မြို၊ ထန်းတပင်မြိုနယ်တွင် ပြည်သူ့ဘဝ လုံခြုံရေးကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန်အတွက် အဓမ္မ လူစုဆောင်းနေသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ထန်းတပင်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် စစ်သား စုဆောင်းရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် လဝကဌာနတိုမှ သတ်မှတ်ထားသည့် ဦးရေအတိုင်း စစ်ကောင်စီတပ်သို ကောက်ခံပိုဆောင်ပေးရန် ချမှတ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုသည် မလွှမရှောင်သာ စတင်ပြီး အကောင်အထည်ဖော် လုပ်ဆောင်နေသည်ကို သိရှိရကြောင်း၊ ထိုသို လုပ်ဆောင်နေမှုကို ထန်းတပင်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲမှ လက်မခံကြောင်းလည်း ထန်းတပင်မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏လက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦးဦးသည် လူထုဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး အကြမ်းဖက်စစ်တပ်အတွက် တပ်သားများ ဆက်လက်စုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူ ဌာနအသီးသီးတိုကို စစ်ရေးပစ်မှတ်အဖြစ် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထန်းတပင်မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြည်သူ့ဘဝလုံခြုံရေး #ရန်ကုန်မြို #ထန်းတပင်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article