အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၅
အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီ ၅ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အာဏာရှင်စစ်အုပ်စုဟာ နေဝင်ချိန်နီးလာပြီမို့ ပြည်သူအားလုံး ပြင်းပြင်းထန်ထန် ပါဝင်တော်လှန်ကြဖို့လိုပါတယ်။” စာတန်းကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။