သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု KNLA ဗဟိုဌာနချုပ်က တရားဝင် ကြေညာ
ရန်ကုန်၊ ဧပြီ ၆
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ စခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ယနေ့ တရားဝင် ကြေညာသည်။
ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သင်္ဃန်းညီနောင် ဗျူဟာစခန်းကို အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ၁၂၂ လက် နက်ကြီး ၂ လက် ၊ ၁၂၀လက်နက်ကြီး ၂ လက်အပါအဝင် အခြားလက်နက်ကြီးလက်နက်ငယ်များ ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။