ရန်ကုန်၊ ဧပြီ ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုနယ်၊ ဆင်ဘိုမြိုရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြားသေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
မြစ်ကြီးနားမြိုနယ်၊ ဆင်ဘိုမြို ရှိ ခလရ ၁၄၁တပ်ရင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစပြီး KIAက စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် KIA က ခလရ ၁၄၁ တပ်ရင်းကို တိုက်လိုက် နားလိုက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလနှောင်ပိုင်းတွင် စစ်ဆင်ရေးကို သေချာစွာ ဆောင်ရွက်ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆင်ဘိုစခန်းကတော့ ရတာတော့ ရနေပြီ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူး။ စခန်းထဲက ကောင်တွေကလည်း အသေခံ တိုက်တယ်။ မပြေးဘူး။ အတော်များများ မိုးမျှော်ကုန်တယ်။ လက်နက်တွေလည်း ရမယ်။ နယ်မြေရှင်းလင်းပြီးတော့မှ အသေအချာပြောနိုင်မယ်။ ရတာကတော့ ရနေပြီ။ ကိုယ့်ဘက်ကလည်း အထိအခိုက်ရှိတယ် ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်တပ်စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
