ဒီကနေ့ မေ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာက အကြမ်းဖက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ဒုဗိုလ်မှူးကြီးတင်ကိုအပါအဝင် စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သား ၁၅ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
- ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က သိမ်းပိုက်လိုက်ပြီး ချင်းပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိရေးအတွက် အစီအစဉ်ဆွဲထားတယ်လို့ ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ကနေ စစ်ရေးအရ လွတ်မြောက်တဲ့ဒေသတွေနဲ့ ထိန်းချုပ် ဒေသတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
