ဒီကနေ့ မေ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ ရဲဘော်အောင်စံရှားက ပြောပါတယ်။
- စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရေး စားပွဲ၀ိုင်းမှာ အဖြေရှာဖို့ နည်းလမ်းမရှိတော့တဲ့အတွက် စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တရားဝင်ကြေညာလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်သားသစ် စုဆောင်းဖို့ ၅ ရက်ဆက်တိုက် လိုက်လံဖမ်းဆီးပေါ်တာလိုက်ဆွဲတာကြောင့် ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
