30 C
Yangon

သထုံမြို့နယ်၊ KNU တပ်မဟာ ၁ နယ်မြေ အတွင်းရှိ စစ်ကောင်စီ၏ လေးကေစခန်းနှင့် ဝင်းတာပန်စခန်း ဧပြီလ ၂၃ ရက်နေ့ဆုံးထား ထွက်ခွာရန် KNDO က အမိန့်ပေး

Must read

ရန်ကုန်၊ ဧပြီ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ် KNU တပ်မဟာ ၁ နယ်မြေ အတွင်းရှိ စစ်ကောင်စီ၏ လေးကေစခန်းနှင့် ဝင်းတာပန်စခန်း ဧပြီလ ၂၃ ရက်နေ့ဆုံးထား ထွက်ခွာရန် ကြေညာချက် ထုတ် ပြန်သည်။

KNU သထုံခရိုင်၊ တပ်မဟာ ၁ KNDO တပ်ရင်း ၂ နယ်မြေအတွင်းတွင် တပ်စွဲ ၍ နေထိုင်လျက်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လေးကေ စခန်းနှင့် ဝင်းတာပန် စခန်း ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ နယ်မြေအတွင်းမှ စခန်းဆုတ်ခွာ ပေးရမည်ဖြစ်‌ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

စစ်ကောင်စီ စခန်း ၂ ခု သတ်မှတ်ရက်အတွင်း ဆုတ်ခွာခြင်းမပြုပါက စစ်ရေးအရ အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တွင် အသိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသား ပြည်သူလူထု အပေါ် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိမ်ထောင်သည်နှင့်ကလေးငယ်သူများ ပါမကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ်စည်းစိမ်များ အား မထင်လျှင် မထင်သလို မီးရှို့ ဖျက်ဆီးခြင်း အစရှိသော လူသားမဆန်သည့် ကိစ္စရပ်များကို ပြုမူ ဆက်ဆံလျက်ရှိသဖြင့် KNU တပ်မဟာ ၁ နယ်မြေအတွင်း လုံး၀ (လုံး၀) နေထိုင်ခွင့်မပြုနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ကြေညာသည်။

KNDO ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက် မတိုင်မီ သတ်မှတ်ရက်မတိုင်မီ ဆက်သွယ်ရန် ၊ ထွက်ခွာရန် လမ်းကြောင်းနှင့် အချိန်အား တိကျစွာ ညှိနှိုင်းရန်၊ နယ်မြေတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာခွင့် အထူးဂရုစိုက်ကြရန် ကြေညာချက်ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article