ရန်ကုန်၊ ဧပြီ ၂၃
ပခုက္ကူ-ကျောက်ထုကားလမ်းတွင် ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဧပြီလ ၂၁ ရက်နေ့၌ စစ်ဆေးနေစဉ် အကြမ်းဖက်စစ်တပ်ထုတ်ကုန် ပစ္စည်းများတင်ဆောင်လာသော ကား ၁ စီးကို တွေ့ရှိခဲ့ပြီး အဆိုပါ ထုတ်ကုန်များကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကျောက်ထု PDF က သတင်းထုတ်ပြန်သည်။
စစ်တပ်ထုတ်ကုန်ပစ္စည်းများဖြစ်သော Red Ruby စီးကရက်ဘူးများ၊ Premium gold စီးကရက်ဘူးများကို တွေ့ရှိ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျောက်ထု PDF က သတင်းထုတ်ပြန်ထားသည်။