မုံရွာမြို့တွင် စီးပွားရေး လုပ်ငန်းရှင် ၁ ဦး မွေးမြူထားသော ဝက်ဝံ ၂ ကောင် ခြံအတွင်းမှ လွတ်မြောက်သွားပြီး ပြည်သူ ၁ ဦး ကိုက်ခံရ
ရန်ကုန်၊ ဇွန် ၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စီးပွားရေး လုပ်ငန်းရှင် ၁ ဦး မွေးမြူထားသော ဝက်ဝံ ၂ ကောင် ခြံအတွင်းမှ လွတ်မြောက်သွားပြီး ပြည်သူ ၁ ဦး ကိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၃၁ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့ ပြည်တော်သာရပ်ကွက် (အက်တောရွာ)တွင် စီးပွားရေး လုပ်ငန်းရှင် ၁ ဦး မွေးမြူထားသော ဝက်ဝံ ၂ ကောင်သည် ခြံအတွင်းမှ လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဝက်ဝံ ၂ ကောင် လွတ်မြောက်သွားပြီးနောက် တောင်ပူလူရွာမှ ပြည်သူ ၁ ဦး ကိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ယင်း ဝက်ဝံ ၂ ကောင် လွတ်မြောက်နေသည့် ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ် မီဒီယာ အနေဖြင့် သီးခြား အတည်မပြုနိုင်ခြင်း မရှိသေးပေ။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)