23 C
Yangon

စစ်အာဏာရှင် ချုပ်ငြိမ်းရေး ပန်းတိုင်မြင်နေရပြီဖြစ်၍ မဟာမိတ်စုဖွဲ့မှုကို အကျယ်ပြန့်ဆုံးနှင့် အခိုင်မာဆုံး တိုးချဲ့ရမည်ဟု NUG ယာယီသမ္မတ တိုက် တွန်း

Must read

ရန်ကုန်၊ ဇွန် ၁၂

အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးနှင့် အမြစ်ပြတ်ချုပ်ငြိမ်းရေး တွင် ပန်းတိုင်မြင်နေရပြီဖြစ်၍ မဟာမိတ်စုဖွဲ့မှုကို အကျယ်ပြန့်ဆုံးနှင့် အခိုင်မာဆုံး တိုးချဲ့ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် “ပန်းမဝင်ခင် တက်မထောင်ဘဲ” လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ အားထုတ်လုပ်ဆောင်ကြဖို့ တိုက် တွန်းအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများအနေဖြင့် အချင်းချင်းစုဖွဲ့ကြပြီး “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုသည့် မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ရန် လိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အကြားတွင် မိတ်ဖက်အဆင့်ထက် ကျော်လွန်သည့် မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်ရေး တည်ဆောက်ကြရန် အထူးလိုအပ်ကြောင်း ၎င်းက မှာကြားသည်။

” မဟာမိတ်စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာလည်း အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် ဆက်ဆံရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့်စွာ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် “မဟာမိတ်စုဖွဲ့မှု” ကို ခိုင်မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်” ဟု သမ္မတက ပြောသည်။

မဟာမိတ်စုဖွဲ့ရာတွင် အရေးကြီးဆုံးမှာ ယုံကြည်မှုဖြစ်ပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်ဖွဲ့စည်းရန်၊ အလုပ်ဖြင့် သက်သေပြကြရန်၊ ယုံကြည်မှု တည် ဆောက်ကြရန် အရေးကြီးကြောင်း၊ သက်ဆိုင်ရာ လူမျိုးစုအလိုက် မတူညီသော ပန်းတိုင်နှင့် နိုင်ငံရေးရည်မှန်းချက်များလည်းရှိကြောင်း၊ သို့ရာတွင် အားလုံး၏ ဘုံသဘောတူညီချက်မှာ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး” ဖြစ်ကြောင်း NUG ယာသမီသမ္မတက ဆိုသည်။

“ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက် တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလိုအပ်ပါတယ်။ အဲဒါဟာ ဘာ့ကြောင့် အရေးတကြီး လိုအပ်နေတာလဲ ဆိုရင်၊ ကျွန်တော်တို့ဟာ ယခုတည်ဆဲရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို အကောင် အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article