25 C
Yangon

ငါန်းဇွန်း၊ မြို့သာရဲစခန်းအနီး ဆက်ကြေးကောက်နေသော ရဲတစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ကားဖြင့် ဝင်ရောက်ပစ်ခတ်မှု ၂ ဦး စလုံးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၀

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာနယ်မြေအထိုင်စခန်းမှ လမ်းမပေါ် ထွက်ပြီး ဆက်ကြေးကောက် နေသော ရဲ ၁ ဦးပျူစောထီး ၁ ဦးကို ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံး သွားကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ဘက်ရွာရှိ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ အထိုင်ရဲစခန်းမှ ရဲတပ်သား ထက်ထက်အောင်နှင့် ငါန်းဇွန်မြို့ အမှတ် ၄ ရပ်ကွက်မှ ပျူစောထီး အေးမင်းတို့သည် ခရီးသွားပြည်သူများ၏ ကားများကို အတင်းအဓမ္မဆက် ကြေးကောက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကားဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာ မှာပင် ၂ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

“ရှေ့က ကားတစ်စီးကို တားပြီးတော့ ငွေညှစ်နေတာ၊ ကျနော်တို့ကားလည်းမြင်တော့ တစ်ယောက် က စာအုပ်လေးကိုင်ပြီးထွက်လာတာ၊ တစ်ယောက်က သေနတ်ကိုင်ပြီးတော့ ထွက်လာတာ၊ အဲလို ထွက်လာတဲ့အချိန်မှာ တည်ပြီးပစ်လိုက်တာ၊ ဘေးမှာ ကင်းပုန်းတွေ ဘာတွေရှိနေမှာစိုးတာရယ်၊ ရဲစခန်းနဲ့အရမ်းနီးကပ်နေတာရယ်ကြောင့် လက်နက်တော့ မကောက်ခဲ့ရဘူး။ ထွက် ပေါက်ပိတ်မိသွား မှာစိုးရိမ်တဲ့အတွက် ချက်ချင်းပြန်ဆုတ်လာခဲ့လိုက်တာ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူစောထီးတို့သည် ပစ္စည်းတင်ကား၊ စစ်ဘေး ရှောင်ကားများကို တစ်စီးလျှင် တစ်သိန်းကျပ်မှ ၄ သိန်းကျပ်အထိတောင်းခံနေကြောင်း၊ ဓာတ်ဆီ တင်လာပါက ဓာတ်ဆီတစ်ပုံးလျှင် တစ်သိန်းကျပ်တောင်းခံကြောင်း၊ ထိုသို့ ပြည်သူလူထုအပေါ် မတရားဆက်ကြေးကောက်နေသဖြင့် ပြည်သူလူထု၏ တိုင်ကြားချက်အရ သွားရောက်ရှင်းရခြင်း ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့ဝင်များက လက်နက် ငယ်များဖြင့် ဝင်ရောက်ပစ်ခက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဘေး ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ များနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ အတူသွားလာခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထား သည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article