28 C
Yangon

မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇွန် ၂၇

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်များက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ကြကြောင်း၊ ကံဆောင်သပိတ်သို့ သံဃာတော်အပါး ၁၀၀ကျော်နှင့် ဒါကာ၊ဒါကာမများဝန်းရံ၍ စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးမြိုရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယက၊နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ဇွန်၁၉ရက်မှာ ပစ်သတ်ခဲ့ပြီးနောက် ၈ရက်မြောက်နေ့တွင် မြိုင်မြို့နယ်မှ သံဃာတော်များက အကြမ်းဖက်စစ်ကောင်စီကို ကံဆောင်သပိတ်စတင်ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ သံဃာ တော် များကလည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်မှ သံဃာ တော်များကလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် မြိုင်မြို့နယ်မှ သံဃာတော်များကလည်းကောင်း အသီးသီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြကြောင်း၊ ယခုအခါ စစ်ကောင်စီကို ကံဆောင် သပိတ်မှောက်သည့် မြို့နယ် ၆ ခုအထိရှိလာကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article