28 C
Yangon

သိန္နီမြို့ပေါ် နှင့်ကျေးရွာ သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ ပျက်စီးပြီး ပြည်သူတချို့ သေဆုံးထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် နေအိမ်များ ပျက်စီးပြီး ပြည်သူတချို့ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် သိန္နီမြို့နယ် မိုင်းလီကျေးရွာပေါ်သို့ ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် သိန္နီမြို့ပေါ် ရဲစခန်း အနီးရှိ နေအိမ်များပေါ်သို့ ဗုံးကျဲချခဲ့ရာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကင်းထောက်လေယာဉ်တွေ တောက်လျှောက်ဝဲပြီးတော့ နံနက် ၁ နာရီလောက်မှာ ဗုံးကျဲချတာ။ ရဲစခန်းနားက အိမ်တွေ အတော်ထိကုန်တယ်။ လူ ၂ ဦး နည်းနည်းထိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ မြို့ပေါ်မှာတော့ လူတွေက စိုးရိမ်ထိတ်လန့်နေကြတယ်။ တိုက်ပွဲလည်းမဖြစ်ဘဲ လေယာဉ်နဲ့ လာကျဲတာဆိုတော့ အကုန် လန့်နေကြတာ။ ပြေးတဲ့သူလည်းပြေးကြပြီ။ နေတဲ့သူတွေလည်း နေကြတုန်းပဲ” ဟု ဒေသပြည်သူကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားသည် သိန္နီမြို့တွင် လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ စစ်တပ်နှင့်ရဲများလည်းမရှိတော့ကြောင်း၊ ထို့ကြောင့် မြို့ကို စစ်ကောင်စီက အပြီးတိုင် ဖျက်ဆီးမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article