28 C
Yangon

စစ်ကောင်စီက ၆ လအတွင်း အသက် ၈၂ နှစ်အရွယ် အဘွားအို အပါအဝင် အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ၆ လအတွင်း အသက် ၈၂ နှစ်အရွယ် အဘွားအို အပါအဝင် အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း Spring Revolution Database (SRD)က အစီရင်ခံထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လအတွင်း စစ်ကောင်စီက အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ပြင်၌ စစ်ရှောင်နေသော လူငယ်ဇနီး မောင်နှံ ၂ ဦးသည် မိုးမိတ်မြို့ပေါ်ရှိနေအိမ်သို့ပြန်ကာ ဝက်စာကျွေးပြီး စစ်ရှောင်စခန်းသို့ပြန်စဥ် အကြမ်း‌ဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အမျိုးသမီးကို မုဒိမ်းပြုကျင့်ပြီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့်ပါရှိသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် အသက် ၈၂ နှစ်အရွယ် ဒေါ်ကြည်အောင် နှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်မိခိုင် တို့ ၂ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၂ ရက်နေ့တွင် မမိုးစန္ဒာ (ခ) နိုးဒစ် (အသက် ၂၀)နှစ်သည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာရှိ နေအိမ်တွင် ပစ္စည်းများလာရောက်ယူဆောင်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ မသေမရှင်ဖြစ်နေချိန်တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် ဒေါ်ခင်ဝင်း (အသက် ၅၀နှစ်) ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာရှိ အမျိုးသမီး ၃ ဦး ကို အကြမ်းဖက်စစ်ကောင်စီတပ်များနှင် ALP တပ်ဖွဲ့ဝင်များပူးပေါင်းကာ အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article