ရန်ကုန်၊ ဇူလိုင် ၁၁
မန္တလေးတိုင်း၊ မတ္တရာ၊ စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းရန်ကာ ကွယ်ရေးတပ်စခန်းမှရရှိသော လေယာဉ်ပစ် စက်သေနတ်အကြီးများကို မန္တလေး PDFက လေ့ကျင့်ပြင်ဆင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တရားဝင်သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် တိုက်တွန်းလိုကြောင်း လက်နက်ချအလင်းဝင်သော စစ်ကောင်စီတပ်ဖွဲဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွားမည်ကြောင်း
လက်နက်မချသော တပ်စခန်းများကို မိမိပူးပေါင်းမဟာမိတ်တပ်ဖွဲများမှ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားဖြစ်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတိပေးသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် TNLA ဦးဆောင်သော ပူး ပေါင်းမဟာမိတ်တပ်ဖွဲများအနေဖြင့် နောင်ချိုမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော အမတ ၆၀၆ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယခုအခါ နောင်ချိုမြိုနယ်တစ်ခုလုံးကို တော် လှန်ရေးတပ်ဖွဲများမှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီလုံးဝကင်းစင်သော မြိုနယ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ကြောင်း၊ နောင်ချိုမြိုနယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅) နှင့် အမတ(၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး PDF က ပြောသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar