ဒီကနေ့ ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အမျိုးသားညီညွတ်ရေးအစိုးရ NUG က စီးပွားရေးပိတ်ဆို့ဖို့ လှုံ့ဆော်ပြီး တိုင်းရင်းသားလက်နက်ကိုင် တွေက ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထားတဲ့အတွက် တိုင်းပြည်စီးပွားရေးအခက်အခဲတွေ နဲ့ ကျပ်ငွေတန်ဖိုး ထိုးကျတယ်ဆိုပြီးတော့ မင်းအောင်လှိုင်က အပြစ်ဖို့ ညဉ်းတွားပြောဆိုသွားတယ်လို့ နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ မြို့တွေကို အာရက္ခတပ်တော် AA က တောက်လျှောက် သိမ်းပိုက်လာနေတဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြိုလဲနေတဲ့ အချိန်မှာပဲ Non-CDM ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွရေးနဲ့ စွမ်းဆောင်ရည်မြှင့် သင်တန်းတွေကို စစ်ကောင်စီက ပို့ချပြီး စည်းရုံးနေရတယ်လို့ သိရပါတယ်။
- ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့က မိုင်းလုံရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ဘက်က ထိခိုင်သေဆုံးမှုတွေ ရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
