ရန်ကုန်၊ ဇူလိုင် ၂၄
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)စစ်ဒေသ-၁၊ အခြေခံစစ်ပညာသင်တန်း၊ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၃ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို BLDF ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဒေသခေါင်းဆောင်များ၊ အခြေစိုက်ဒေသမှ ပြည်သူလူထုများတက်ရောက်ခဲ့ကြကာ စစ်ရေးတာဝန်ခံနှင့် ဗဟိုကော်မတီဝင်တစ်ဦးမှ သင်တန်းဆင်းမိန့်ခွန်းနှင့် အမှတ်တရစကားပြောကြားခြင်း၊ သင်တန်းဆင်းရဲဘော်များမှ ပြည်သူလူထုရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ သင်တန်းထူးချွန် ဆုရရဲဘော်များအား ဆုချီးမြှင့်ခြင်းနှင့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ တက်ရောက်ရင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ချက်ကြီးများကို အောက်မေ့သတိရ ဂုဏ်ပြုခြင်းအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









