33 C
Yangon

ရေနံချောင်းမြို့တွင် ခလရ ၇၇ တပ်ရင်းနှင့် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ခလရ ၇၇ တပ်ရင်းနှင့် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း ရေနံချောင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီခန့်က ရေနံချောင်းမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၇၇ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၄၀ မမ၊ ၆၀ မမလက်နက်ကြီးများဖြင့် ၅ လုံးပစ် ခတ်ခဲ့ရာ ကုက္ကိုကွအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အ သက် ၅၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ အသက် ၂၀ ဝန်းကျင်အရွယ် နှင့် အသက် ၃၀ ဝန်း ကျင်အရွယ် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ ၄၀ မမ၊ ၆၀ မမတွေနဲ့ ၅ လုံးပစ်တာ၊ စစ်ဘေးရှောင်စခန်းကို ထိမှန်ခဲ့လို့ အ မျိုးသမီးတစ်ဦးသေတယ်၊ အမျိုးသားလေးဦး ဒဏ်ရာရတယ်၊ စစ်ဘေးရှောင်စခန်းကတော့ ပျက်စီး သွားပါတယ်၊ လေလောဆယ်တော့ ပြည်သူတွေလည်း ကြောက်လန့်ပြီးရှောင်နေရပါတယ်၊ ပုံမှန် အ နေ အထားရောက်အောင်တော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်တာတွေဆောင်ရွက်နေပါတယ်။” ဟု ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ မှ အကြမ်းဖက်စစ်သားများသည် ပြီးခဲ့သည့် ဇွန်လ တုန်း ကလည်း စစ်ကြောင်းစဉ် ရေနံချောင်းမြို့နယ်၊ ကန်လေကုန်းရွာနေအသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များကို အပြီးအပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

Photo- အကြမ်းဖက် စစ်ကောင်စီ တပ်သားများ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article