ရန်ကုန်၊ ဇူလိုင် ၂၉
ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် လူထုစည်းရုံးရေးစာတန်းများကို တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။
“တော်လှန်ရေး ဘယ်အချိန်ပြီးမလဲထက် ဘယ်လိုပြီးမလဲကို သေချာစဉ်းစားပါ။”၊ “နွေဦးတော်လှန်ရေးဟာ အာဏာရှင် ကုသဆေးဆိုလျှင် ဖက်ဒရယ်ဟာ အာဏာရှင် ကာကွယ်ဆေးပါ။” “လူရယ်လို့ မွေးဖွားလာရုံဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို တန်းတူ ရပိုင်ခွင့်ရှိသည်။”၊ “ပြည်သူဆိုတာ အစိုးရကို ရွေးရမည်၊ အစိုးရကို လွှမ်းမိုးနိုင်ရမည်၊ အစိုးရကို ဖြုတ်ချနိုင်ရမည်။” စသည့် စာတန်းများကို ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar