26 C
Yangon

ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ရွာလယ်ဘုန်းကြီးကျောင်းတွင် တပ်စွဲ စခန်းချနေသော စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲမှု စစ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၇

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို ၊ ရွာလယ် ဘုန်းကြီးကျောင်း၌ စခန်းချထားသော စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံး ခဲ့ကြောင်း ဖြူးမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်မှ ည ၁၀ နာရီ ၃၆ မိနစ်အချိန်အထိ ဖြူးမြို့နယ်၊ ညောင်ပင် သာမြို့အရှေ့ဘက် မြို့မ ၃ လမ်းနှင့် မြို့မ ၂ လမ်းဆုံရှိ ရွာလယ်ဘုန်းကြီးကျောင်း၌ အင်အား ၃၀ ခန့် ဖြင့်အထိုင်ချတပ်စွဲရန် ပြင်ဆင်နေသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်သေဆုံးပြီး ၃ ဦးမှာ တောင်ငူဆေးရုံအရောက် သေဆုံးသွားကြောင်း သိရသည်။

“ စစ်ကြောင်းက ဩဂုတ်လ ၃ ရက်နေ့ကတည်းက ရောက်နေတာ၊ အဲဒီနေ့ကလည်း ဒရုန်းနဲ့ ဗုံးချခဲ့သေးတယ်၊ အင်အား ၃၀ လောက်ရှိမယ်၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု ဖြူးမြို့နယ်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၇ မိနစ်မှ ၅ နာရီ ၃၃ မိနစ်အချိန်အထိ ညောင်ပင်သာမြို့၊ ရွာလယ် ဘုန်းကြီးကျောင်း၌ စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာတွင်လည်း အကြမ်းဖက်စစ်သား တစ်ဦး ပေါင်ထိမှန်ဒဏ်ရာနှင့် ကျန်အကြမ်းဖက်စစ်သားတစ်ဦး ပါးကို ထိမှန်ကာ သွားများ ကျွတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၃ မိနစ်မှ ၂ နာရီ ၃၂ မိနစ်အထိ ဒရုန်းဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသားများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ညောင်ပင်သာမြို့ အရှေ့ဘက် အုန်းပင်စုကျေးရွာနှင့် အင်ပင်သာ ကျေး ရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းဗုံးများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းဗုံးများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article