20 C
Yangon

စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ် တို့တွင် မိုင်းရှင်းနေသော စစ်သားနှင့် စစ်ကား ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ် တို့တွင် မိုင်းရှင်းနေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကား ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို ကင်းပုန်းဝပ်၍ Gerneration Z Power – Mandalay တပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးကာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Gerneration Z Power – Mandalay ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက် ကျားတပ်ဖွဲ့၊ BRA အဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ နှင့် Taw Twin Tup Pee Local PDF အဖွဲ့တို့ ပူး ပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာအနီး သေနတ်ပစ်ခတ်လာသော စစ်ကားကို တော်လှန်ရေး တပ်ဖွဲ့များ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ ယင်း တိုက်ခိုက်မှုကို မြိတ်ပြည်သူကာကွယ်ရေးအဖွဲ့ နှင့် တနင်္သာရီရိုးမပြည်သူကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article