26 C
Yangon

တနင်္သာရီမြို့နယ်၊ ကွင်းသစ်ရွာ စာသင်ကျောင်းနှင့် ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကွင်းသစ်ရွာ စာသင်ကျောင်းနှင့် ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျောက်မိကျောင်းရွာ၊ ညောင်ပင်ကွင်း (အရှေ့ကမ်း) ရွာ နှင့်

ကွင်းသစ်ရွာ စာသင်ကျောင်း တို့ကို အကြမ်းဖက် စစ်တပ်က K-8W Jet Fighter အမျိုးအစား တိုက်လေယာဥ် ၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများသည် စိုးရီမ်စိတ်များဖြင့် နေထိုင်နေရကြောင်း သိရှိရသည်။

“လူတော့ အထိခိုက်မရှိဘူး အစ်ကို စာသင်ကျောင်းကွင်းထဲမှာ ကျကွဲတော့ အပျက်စီးမရှိဘူး။ ညောင်ပင်ကွင်းရွာမှာတော့ ရွာသားတွေမွေးထားတဲ့ နွား ၁ ကောင်သေတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တနင်္သာရီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဥ်များ အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေ သည့်အတွက် ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article