ရန်ကုန်၊ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး စာသင်ကျောင်းနှင့် ဘောလုံးကွင်းထဲ၌ စစ်သား အလောင်းများကို မီးသဂြိုလ်နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ် ရပ်ကွက်၊ တောင်ပြင်ရပ်ကွက်၊ အေးမြဝရတိရပ်ကွပ် နှင့် ဆရာစံခန်းမ အနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ပြင်ရပ်ကွက် မြောက်ပိုင်းရှိ ကိုရ နေအိမ် ၊ ဒေါ်ညိုဆန်း နေအိမ် နှင့် အေးမြဝရတိရပ်ကွက် ရှိ မဆွေဦး နေအိမ်၊ ကိုညီနိုင် နေအိမ်တို့ မီးလောင် ပျက်စီးခဲ့ပြီး ကျန်ရပ်ကွက်ရှိ နေအိမ် ပျက်စီးမှု အခြေအနေများကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။
“အနောက်ကွက်သစ်ကို မနေ့က မီးရှို့တယ်။ ဒီနေ့ ဆရာစံခန်းမ အနီးက အိမ်ထပ် ရှို့တယ်လို့ သိရတယ်။ နေအိမ် ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေပါတယ်။ စာသင်ကျောင်းထဲနဲ့ ဘောလုံးကွင်းထဲမှာလည်း စစ်ခွေး အလောင်းတွေကို မီးရှို့နေတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar