29 C
Yangon

ဒီပဲယင်းတွင် စစ်ရှောင်ပြည်သူများ နေထိုင်သည့် နဂါးတွင်းရွာကို စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီး၊ စစ်ရှောင်များ ထပ်မံထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သည့် နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီးကာ စစ်ရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ် ၂၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းမှ စစ်ရှောင်ပြည်သူများ နေထိုင်သည့် နဂါးတွင်းကျေးရွာကို အကြမ်းဖက် စစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် နဂါးတွင်းရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်ပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦး ၅ လုံးကျော် ပျက်စီးကာ စာသင်ကျောင်း အုတ်တံတိုင်း ၁ ခု လည်း ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“အဲ့ဒီက စစ်ရှောင်တွေ နောက်တစ်နေရာကို ထပ်မံပြောင်းရွှေ့ကြရတာပေါ့။ ဒဏ်ရာရသူ အခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်နေဆဲပါ။ ဖက်ဆစ် စစ်တပ်ဆိုတော့ အကြမ်းဖက်ရက်စက်ခြင်းက သူတို့ရဲ့ အကျင့်ပဲလေ အမြစ်ပြတ်သွားမှ ပြည်သူအေးချမ်းမယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ဆက်လက် မနေရဲတော့ဘဲ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများကို ဘေးလွတ်ရာ နေရာကို နေထိုင်နိုင်ရန် ချိတ်ဆက် စီမံဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article