29 C
Yangon

မင်းတုန်းမြို့နယ် ပကဖ စစ်သင်တန်း ဆင်းပွဲကို စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ်ဆက်တိုက် ဗုံးကျဲမှု PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ လွတ်မြောက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပကဖ စစ်သင်တန်း ဆင်းပွဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ စစ်တပ်ထံ သတင်းပေးပို့သူများကို ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပကဖတာ၀န်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မင်းတုန်းမြို့နယ် တစ်နေရာတွင် မင်းတုန်းမြို့နယ် ပကဖ ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်း ဆင်းပွဲ အခမ်းနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် သင်တန်းဆင်းပွဲ အခမ်းနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အောင်မြင်စွာ ပြီးဆုံးပြီးနောက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သော နေရာကို အကြမ်းဖက် စစ်တပ်က Jet fighter ဖြင့် ၃ ကြိမ် ဆက်တိုက် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

“စစ်ခွေး သတင်းပေးတွေ ရှိတာပေါ့။ ဒီဘက်က စစ်ကောင်စီ နယ်မြေဆိုတော့ သတင်းပေးတွေက အရမ်းများသလို သတင်းကလည်း ပြည်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန် မသိသေးတော့ သတင်းပေါက်တာတွေလည်းရှိပါတယ်။ စစ်ခွေးတွေ အတိအကျတော့ သတင်းမရသွားဘူး။ အဲတာကြောင့်ပွဲပြီးမှ လာကျဲသွားတာပေါ့။ ဒလန်တွေကတော့ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖတာ၀န်ခံ ကိုဗဟိန်းက ပြောဆိုသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီတပ်များက မြို့ပေါ်ကိုသာစိုးမိုးနိုင်ပြီး မင်းတုန်းမြို့ပေါ် ပြင်ပ ကျေးရွာများကို PDF မျာါ်နှင့် တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article