26 C
Yangon

ပြင်ဦးလွင်ခရိုင် ပကဖ က ရတနာပုံတပ်ဦး ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး မြေပြင်ဝေဟင် စစ်ဆင်ရေးများ ပူးပေါင်း တိုက်ပွဲဝင်နေဟု ပြည်သူများကို အသိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

ပြင်ဦးလွင်ခရိုင် ပကဖ က ရတနာပုံတပ်ဦး ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး မြေပြင်ဝေဟင် စစ်ဆင်ရေးများ ပူးပေါင်း တိုက်ပွဲဝင်နေကြောင်း ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ် ဒေသ ကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ၏ စစ်ရေး ရည်မှန်းချက် အစီအမံများအတိုင်း ရှေ့တန်းစစ်မြေပြင်၌ ဝေဟင် စစ်ဆင်ရေးသာမက မြေပြင်တိုက်ပွဲများပါ မဟာမိတ်တပ်ဖွဲ့များနှင့် အတူ နေ့ ၊ ည မပျက် အတူတကွ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး အောင်မြင်မှုများကိုလည်း မကြာမီ အချိန် အတွင်း ချပြနိုင်ရန် ကြိုးစားနေကြောင်း အသိပေးထားသည်။

“ခရိုင်စစ်ဆင်ရေးရဲ့ ရည်မှန်းချက်အတိုင်း စစ်ဆင်ရေးဖော်ဆောင်နေတာပါ။ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့အတူတူ ပူးပေါင်းတိုက်ပွဲဝင်နေပါတယ်။ အောင်မြင်မှုရလဒ်တွေကိုလည်း မကြာခင် တဝကြီး ချပြနိုင်အောင် ကြိုးစားနေပါတယ်။ ပြည်သူတွေအနေနဲ့အားတင်းထားပါ၊ မကြာခင် ကျနော်တို့ ပန်းတိုင်ကို ရောက်တော့မှာပါ။ ကျနော်တို့ အတူအတူ အားကုန်သုံးပြီး အာဏာရှင်ကို‌ မောင်း ထုတ် ကြရအောင်ပါ” ဟု ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက တိုက် တွန်း ပြောကြားသည်။

ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) သည် လက်ရှိချိန်တွင် ထွေလီကာလီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ 7PDF (MDY)တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ အခြားမဟာမိတ် တပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article