27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ရဲသတင်းတပ်ဖွဲ့ရုံးမှာ ဌာနဆိုင်ရာ သတင်း ပေါက်ကြားမှု သံသယနဲ့ စစ်ဆေးခံ နေရသည့် ရဲတပ်ကြပ်ကြီး မင်းမင်းက နေပြည်တော်ကနေ ဆင်းလာပြီး လာစစ်ဆေးတဲ့ ဒုရဲမှူးကြီး အောင်နေလင်း အပါအဝင် ရဲအရာရှိ ၃ ဦးကို ဓားနဲ့ထိုးသတ်လိုက်ရာမှာ ဒုရဲမှူး ၁ ဦးပွဲချင်း ပြီးသေသွားပြီး ကျန်တဲ့ ၂ ဦးက ဒဏ်ရာတွေရထားတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက ပြင်ဦးလွင်မြို့ တိုက်ခိုက်ခံရရင် အဲ့ဒီ့မှာရှိတဲ့ စစ်တပ်တက္ကသိုလ်နဲ့ စစ်နည်းပညာတက္ကသိုလ်ကို ရွှေ့ပြောင်းဖို့အတွက် စီမံထားတယ်လို့ ပြင်ဦးလွင် စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်က ဆိုင်းတောင်မှာ KIA -PDF မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား ဒီနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းနေပြီး စစ်ကောင်စီ က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article