27 C
Yangon

မုန်တိုင်း SOULIK အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းတချို့မှာ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေး

Must read

ရန်ကုန် | စက်တင်ဘာ ၁၉

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမို အားကောင်းလာကာ အပူပိုင်းမုန်တိုင်း ဆိုးလစ် (SOULIK) အဖြစ်ရောက်ရှိလာပြီး ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနတွေရဲ့ ခန့်မှန်းချက်တွေက ဆိုပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်း ဆိုးလစ် (SOULIK) ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းတချို့မှာ လာမယ့် စက်တင်ဘာလ ၂၅ရက်နေ့အထိ မိုးထစ်ချုန်းရွာတာ၊ မိုးကြီးတာတွေ ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ (စက်တင်ဘာလ ၁၉)မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီကနေ့မနက် ၉နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် (SOULIK) ဟာ အနောက်- အနောက်တောင်ဘက်ကို ရွေ့လျားနိုင်ပြီး ဒီကနေ့ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဆိုပါတယ်။

မနက်ဖြန် စက်တင်ဘာလ၂၀ရက်နေ့မှာတော့ အပူပိုင်းမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းတွေ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို စတင် ဖြတ်ကျော်ပြီးအနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင် လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည် အစပျိုး အားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် မနက်ဖြန်ကစလို့ စက်တင်ဘာလ ၂၅ရက်နေ့အထိ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း နဲ့ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာနဲ့ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်လာနိုင်လို့ ဒေသအလိုက် ပြည်သူတွေ သတိထားနေသင့်တယ်လို့ သိရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article