32 C
Yangon

ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးကျေးရွာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့်ပျူစောထီး ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၃၀ ဦးကျော် ဖမ်းဆီးရရှိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးကျေးရွာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၃၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် စစ်တပ်ထောက်ခံသူများ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ကံဇီးပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းတည့်ပိုင်းတွင် စစ်တပ်စခန်း အခြေပြုထားသော တစ်ရွာလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်၊ရဲနှင့် ပျူစောထီးများစွာ သေဆုံးပြီး ၆၀ ဦးဝန်းကျင် ဖမ်းဆီးခံထားရကြောင်း၊ ကျေးရွာကိုလည်း မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

“ကံဇီးကတော့ တစ်ရွာလုံးကို မီးတွေရှို့သွားတယ်။ ညနေပိုင်းမှာ လူ ၆၀ ဦး လောက် ဖမ်းဆီးခံလိုက်ရတယ်။ အဲဒီအထဲမှာ ၁၀ ဦးက ပြည် သူ့စစ်တွေ။ အဖမ်းခံရတဲ့အထဲမှာ ရဲတွေလည်းပါတယ်။ မနက် ဖြန် သတ်မယ်ပြောတယ်။ ရဲတွေလည်း သေတယ်။ စစ်သားတွေလည်း သေတယ်။ ပြည် သူ့စစ်တွေလည်းသေတယ် သေတဲ့အထဲမှာ နမခတိုင်းက အကောင်ကြီးကြီးရဲ့ မိသားစုပါရင် ဘယ် လောက်ကောင်းမလဲလို့ ကိုယ်ချင်းစာတတ်အောင်လို့ ။ ခင်ဗျားတို့ဘာလုပ်မှာလဲ” ဟု စစ်တပ်ဘက်တော်သား ပေါက်ကိုယ်တော်က စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များမှ တစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

ချောင်းဦးမြို့နယ်မှ တော်လှန်ရေးသတင်းရင်းမြစ်ကလည်း ကံဇီးပျူစောထီးကျေးရွာ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိမှု အတည်ပြုသော်လည်း လက်ရှိအခြေအနေများအရ စစ်ရေးတင်းမာနေသဖြင့် လတ်တလော သတင်းထုတ်ပြန်ရန် မရှိသေးကြောင်း ပြောဆိုသည်။

ကံဇီးပျူစောထီးကျေးရွာကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်း သေဆုံးသည့်အပြင် ၆၀ ဦး ဝန်းကျင် ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း စစ်တပ်လော်ဘီ သတင်းရင်းမြစ်တစ်ခုကလည်း ပြောဆိုထားသည်။

ချောင်းဦးမြို့နယ်တွင် ကင်းမွန်တော်၊ ကံဇီး၊ ကံကြီးကုန်း စသည့် ပျူစောထီးရွာ ၃ ရွာရှိပြီး ချောင်းဦးမြို့နှင့် ၉ မိုင်အကွာမှာရှိသည့် အင်အားအကြီးဆုံးသော ကံကြီးကုန်းပျူစောထီးစစ်စခန်းကို ဩဂုတ်လ ၂၉ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article