26 C
Yangon

ရွှေဘိုမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့က ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထန်နှောင်ဝန်းကျေးရွာကို စစ်သားနှင့် ပျူစောထီး အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူ ၄ ဦးကို ပစ်သတ်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလာကာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပန်းရံပျူစောထီးရွာကို ပြန်လည် သယ်ယူလာပြီး ပျူစောထီး အောင်ကျော်နေအိမ်၌ အောင်ပွဲခံ သောက်စားနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မင်္ဂလာ ပျူစောထီးရွာကိုလည်း ဗုံးသီး ၂ လုံးနှင့် ပန်းရံစောထီးပျူစောထီးရွာနှင့် သီလုံးပျူစောထီးရွာ တို့ကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ အနောက်ခြမ်း ဆိပ်ခွန်ရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်း-နောင်ကြီးအိုင် လမ်းပိုင်းကို ဖြတ်သန်းသွားလာနေသော ပြည်သူများနှင့် ခရီးသည်များထံမှ ငွေညှစ်ခြင်း၊ ဖမ်းဆီး၍ ငွေဖြင့် ရွေးခိုင်းခြင်းများကြောင့် ရွှေဘိုခရိုင် တပ်ရင်း၄ ရွှေဘိုနယ်၊ ရပ်/ကျေး ပကဖနှင့် မြို့နယ် ပလဖ မှ တော်လှန်ရေး ရဲဘော်များက ညပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး၊ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် သီလုံးနှင့် ပန်းရံ ပျူစောထီးရွာများကို ထပ်မံပြီး ဗုံးသီး ၂၀ လုံးကျဲချခဲ့ရာ ပျူစောထီးများ အထိနာသွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်းတွင်း ရွှေဘိုမြို့ အနောက်ဘက် အထွက် မင်းကုန်း ကျေးရွာ စစ်တပ် အထိုင်စခန်းကို ဗုံးသီး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး မင်းကုန်းရွာမှ စစ်ကောင်စီ တပ်သား ၃ ဦး၊ ဆိပ်ခွန်ရွာမှ စစ်ကောင်စီ တပ်သား ၁ ဦး၊ မင်္ဂလာရွ ပျူစောထီး ဖိုးရှုပ်၊ ငဖြိုး ၊ သီးလုံးရွာမှ ပျူစောထီး မင်းရာတို့ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ပြန်လည် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး ရွှေဘိုမြို့နယ် ပလဖ ၊ Crocodile ရွှေဘိုမြို့နယ် ၊ ရပ်/ကျေး ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ မဟာမိတ် တပ်ပေါင်းစုက စစ်တပ်စခန်းနှင့် ပျူစောထီးရွာများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article