28 C
Yangon

မန္တလေး၊ တောင်ကြီးနှင့် မူဆယ်တို့တွင် အယောင်ဆောင် ငွေညှစ်ခြင်းနှင့် ရိက္ခာတောင်းမှုများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ကြေညာပြီး မန္တလေးကို ထိုးစစ်ဆင် ရန်မရှိဟု MNDAA ထပ်မံ ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မန္တလေး၊ တောင်ကြီးနှင့် မူဆယ်တို့တွင် MNDAA အယောင်ဆောင် ငွေညှစ်တောင်းခံခြင်းနှင့် ရိက္ခာတောင်းခံမှုများကို အချိန်အကန့်အသတ် မရှိ ပြင်းပြင်းထန်ထန် အရေးယူမည်ဟု MNDAA က ထုတ်ပြန်ကြေညာလိုက်ပြီး ပြည်သူများ တိုင်ကြားကြရန်လည်း ဖိတ်ခေါ်သည်။

မန္တလေး၊ တောင်ကြီးနှင့် မူဆယ် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့တွင် ကျားဖြန့် ကုမ္ပဏီနှင့် စီးပွားရေးပိုင်ရှင်များထံမှ MNDAA အယောင်ဆောင်ပြီး ငွေညှစ်ငွေလိမ်ခြင်း၊ ရိက္ခာတောင်းခံခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်ကြောင်း၊ အဆိုပါ လုပ်ရပ်များသည် MNDAA ၏ ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ထိခိုက်စေသည့်အတွက် မသမာသူများကို ဥပဒေနှင့်အညီ အချိန်အကန့်အသတ်မရှိ ပြင်းပြင်းထန်ထန် အရေးယူမည်ဟု MNDAA က ကြေညာသည်။

ထိုပြင် မြန်မာနိုင်ငံ၏ အခြေအနေ မတည်ငြိမ်မှုကြောင့် မသမာသူများအား ပြစ်မှုကျူးလွန်သည့် အခွင့်အရေးများ ရရှိသွားစေကြောင်း၊ MNDAA သည် ပြည်သူလူထုံမှ ငွေညှစ် ငွေလိမ်သော လုပ်ရပ်များကို လုံး၀ ပြုလုပ်မည်မဟုတ်ကြောင်း၊ မန္တလေးတွင် အခွန်ကောက်ခံခြင်းနှင့် မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်မည့် မူဝါဒများ ချမှတ်ထားခြင်းမရှိကြောင်း MNDAA က ဆိုသည်။

ပြည်သူများအနေဖြင့် ငွေညှစ်၊ ငွေလိမ်ခြင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများ ရရှီပါက MNDAA ထံသို့ သတင်းပေးပို့ တိုင်ကြားကြရန်၊ မသမာသူများကို ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ – MNDAA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

MNDAA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article