26 C
Yangon

သာယာ၀တီထောင်တွင် နိုင်ကျဉ်း အမျိုးသမီး ၁ ဦးကို သံအချွန်ဖြင့် ထိုးသော အကျဉ်းသူကို ထောင်အာဏာပိုင်များက အရေးယူမှုမရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ပဲခူးတိုင်း၊ သာယာ၀တီထောင်တွင် နိုင်ကျဉ်း အမျိုးသမီး ၁ ဦးကို သံအချွန်ဖြင့် ထိုးသော အကျဉ်းသူကို ထောင်အာဏာပိုင်များက အရေးယူမှုမရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သာယာ၀တီ အကျဉ်းထောင်၏ အမျိုးသမီးအဆောင် ၁ တွင် နိုင်ငံရေးအကျဉ်းသူ တစ်ဦးနှင့် အခြားအကျဉ်းသူ တစ်ဦး အချင်းများကြရာမှ နိုင်ငံရေးအကျဉ်းသူကို ထောင်ကြမ်းပြင်ဖြင့် အသွား ထက်အောင် သွေးထားသော သံအချွန် လက်နက်ဖြင့် ထိုးနှက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆေးမှုဖြင့် ထောင် ၁၁ နှစ်ကျခံနေရသည့် မချစ်မိုးဆွေ (ခေါ်) ဂေါ်ဖီထုပ် သည် နိုင်ငံရေးအကျဥ်းသူနှင့် စကားများရာမှ ထိုသို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုယ်ထိ လက်ရောက် ကျုးလွန်သူ မချစ်မိုးဆွေ (ခေါ်) ဂေါ်ဖီထုပ်သည် နိုင်ကျဉ်းများနှင့် စကားများ၊ ရန်မှုခြင်း၊ ကိုယ်ထိလက်ရောက်ကျုးလွန်မှု ပြုလုပ်ခဲ့ဖူးသူဖြစ်ပြီး ယခုကဲ့သို့ နိုင်ကျဉ်းတစ်ဦးကို သံချွန်ဖြင့် ထိုးခြင်းသည်မှာ ဒုတိယအကြိမ်မြောက် ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကိုယ်ထိလက်ရောက် ကျုးလွန်မှုများ၊ ဆဲဆိုခြိမ်းခြောက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို အမျိုးသမီး အဆောင် တာဝန်ခံ ဦးစီအရာရှိ ဒေါ်နန်းတင်က ထိရောက်စွာ အရေးယူခြင်း မရှိကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အမျိုးသမီးအဆောင် တာဝန်ခံ ဦးစီအရာရှိ ဒေါ်နန်းတင်သည် လက်ဆောင်ပဌာများကို လာဘ်ပေးလာဘ်ယူအဖြစ် လက်ခံခြင်း၊ နှစ်ကြီး ပြစ်မှုဆိုင်ရာ အကျဉ်းသားများကို လက်ကိုင်တုတ်အနေဖြင့် မြှောက်ပင့် သွေးခွဲ အုပ်ချုပ်ထားခြင်း၊ နိုင်ကျဉ်းများကို ဖိနိုပ်ခြိမ်းခြောက်မှုများကို ပြုလုပ်လျက်ရှိသည့်အပြင် အလှူငွေများကို အကျဉ်းသူမိသားစုဝင်များထံက တောင်းယူ လက်ခံကာ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားများကို လုပ်ကာ အလွန်အကျွံ ငွေကြေး သုံးစွဲခြင်းနှင့် ငွေကြွေးမှီများဖြင့် အရှုပ်အရှင်းများ ဖြစ်နေကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံရေးအကျဥ်းသူ သံချွန်နှင့် ထိခိုက်ခဲ့သည့် ကိစ္စကို သတင်းမီဒီယာများ၊ တော်လှန်ရေးရဲဘော်များ မသိရှိစေရန်အတွက် အပြင်သို့ မပေါက်ကြားစေရန် ထောင်ဝန်ထမ်းအရာရှိများက အကျဉ်းသူများကို ခြိမ်းခြောက် ပြောကြားခြင်းများ ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article