30 C
Yangon

Breaking News – စစ်ကောင်စီက ညအချိန် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ကြေညာပြီးနောက် နံနက်ပိုင်းအချိန် လားရှိုးမြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးကာ မီးလောင်ကျွမ်းမှုများ ဖြစ် ပွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်နှင့် မြို့မစျေးကြီးအပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက် အစောပိုင်း လေယာဉ်များဖြင့် ဗုံး ၃ ကြိမ်ကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး မီးလောင်ကျွမ်းမှုတချို့ပါ ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၆ မိနစ်အချိန်၊ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်၊ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ ၊ ကျောက်တောင်၊ လားရှိုးမြို့မစျေးကြီးတို့ကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဗုံးကျဲမှုကြောင့် အမျိုးသား ၁ ဦး ၊ အမျိုး သမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ် ရာရရှိထားကြောင်း ၊ လားရှိုးမြို့မစျေးတွင်လည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စျေးရုံမီးလောင်ခဲ့ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ရပ်ကွက် ၁ ၊ နယ်မြေ ၈ မှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးပါတယ်။ ပွဲချင်းပြီး ၂ ဦး သေဆုံးပါတယ်။ ဒဏ်ရာရသူတွေမှာ စိုးရိမ်ရတာ ၁ ဦးဖြစ်ပါတယ်။ ဆေးရုံပို့ထားပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလည်း ခြေ ထောက်မှာ ဗုံးထိထားလို့ ဆေးရုံပို့ထားရပါတယ်။ စျေးရုံမီးလောင်တာကတော့ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု လားရှိုးမြို့မှ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေး၏ သတင်းစာမျက်နှာတွင်မူ ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ် စစ်ကောင်စီက လေယာဉ်ဖြင့် လားရှိုးမြို့မစျေး၊ ချယ်ရီစျေးရုံထဲသို့ ဗုံးကျဲချခဲ့ကြောင်း၊ ထို့ပြင် ရပ်ကွက် ၁ နယ်မြေ ၈ ထဲတွင်လည်း ဗုံးကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ အထိအခိုက် သေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီအချိန် တိုင်း ရင်းသားလက်နက်ကိုင်များ၊ PDF များအနေ ဖြင့် လက်နက်စွန့်၍ ပါတီလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းဖြင့်လည်း ကောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ဖိတ်ခေါ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် လားရှိုးမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများ ဆက် တိုက်ကျဲချခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ – နေဝေစိုး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article