26 C
Yangon

ပခုက္ကူမြို့နယ်၊ အင်ပင်စစ်တပ်ဂိတ်နှင့် မြင်းမူမြို့နယ် ဘိုးမင်းကြီးလမ်းခွဲရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Pakokku People Defense Force (PPDF) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် နံနက် အစောပိုင်းက ပခုက္ကူမြို့နယ် ၊ အင်ပင်ကျေးရွာ၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပခုက္ကူမြို့ အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၀၁ မှ တာဝေးပစ် ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် တိုက် ပွဲပြီးဆုံးနောက်လည်း တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများအတွင်းသို့ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force ( PPDF ) ၊ ပခုက္ကူ (ပ.က.ဖ) ၊ ပခုက္ကူ ခရိုင် တပ်ရင်း ၂ ၊ တပ်ရင်း ၁၆ ၊ အညာမြေစစ်ဆင်ရေး ၊ RDF ၊ 8+1 ၊ ဒေါင်းစစ်သည် ၊ မြိုင် (ပ.က.ဖ) နှင့် နဂါးနီတိုက်ခိုက်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲရှိအကြမ်းဖက်စစ်တပ် အထိုင်စခန်း ကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း M.D.F ဒရုန်း ကျားခင် စိန် အဖွဲ့ ထံမှ သိရသည်။

စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ‌ ခေါ် မြောင်လမ်းခွဲ၌ အင်အား ၃၅ ဦးဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို Shar Htoo Waw နည်းပညာသုံး Fixed Wings ၅ စီးဖြင့် Drop Bomb ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြံတိုင်းအောင်စစ်ဆင်ရေးတွင် ပါ၀င်သော M.D.F ဒရုန်း ကျားခင်စိန် အဖွဲ့၊ Peacock Drone Team-Myaung ၊ STANDARD REVOLUTION FORCE SRF-MMU ၊ စစ်ကိုင်း ခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း၊ ငါးဇွန်း အားမာန့်သစ် Black Eagle အဖွဲ.တို့နှင့်နယ်မြေခံ PDF များ အတူတကွပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article