26 C
Yangon

သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ၃ ရက်ဆက် တိုက်ခိုက်မှု ပြည်သူ​ ၄ သေဆုံးပြီး ၁၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင်း ပြည်သူ​ ၄ သေဆုံးပြီး ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဇာတ်စုရပ်ကွက်တွင် ပြည်သူ ၃ ဦး၊ ဇာတ်စုရပ် နယ်မြေ ၃ တွင် ပြည်သူ ၁ ဦးနှင့် စျေးရပ်ကွက် ဘောလုံးကွင်းအနီးတွင် ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦး ထိခိုက် ဒဏ်ရာ အ​ပြင်းအထန် ရရှိခဲ့ပြီး ဒေသပြည်သူ့နေအိမ်နှင့် စျေးဆိုင်းခန်း ၁၀ လုံးကျော် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် သီပေါမြို့တွင်းကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သီပေါဆေးရုံ၊ အကောင်းကြိုက် ထမင်းဆိုင်၊ ဂိုးလက်ဖက်ရည်ဆိုင်၊ ဦးကို ဦးအိမ်အနီး၊ စာသင်ကျောင်းအနီး၊ သီပေါတံတားနှင့် မိုးလုံလေလုံအနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဗုံးကျဲချမှုကြောင့် သီပေါမြို့ ဓမ္မာရုံရှိ အမျိုးသား၁ ဦး သေဆုံးခဲ့ရပြီး မြို့ဟောင်းသဲကွင်းအနီး အမျိုးသား ၁ ဦး၊ ပရဟိတအသင်းဝင် အမျိုးသား ၁ ဦး၊ ဆေးရုံအနီးရှိ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မီးပွိုင့်လမ်းဆုံ ကွမ်းယာဆိုင်အနီး အမျိုးသမီး ၁ ဦး စုစုပေါင်း၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ သီပေါမြို့ ခါလိန်ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် ဗုံးကျဲချမှုကြောင့် အသက်၇ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား၁ ဦးနှင့် အမျိုးသမီး၁ ဦး မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရှိရသည်။

ယမန်နေ့ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ် နှင့် Y-12 လေယာဥ် အသုံးပြုပြီး လာရောက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရှိရသည်။

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်သည် အဘက်ဘက်မှ စစ်ရှုံး၍ အရပ်သားများကို ဦးတည်သော လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာမှုကြောင့် တအာင်းဒေသအတွင်းရှိ ဒေသ ပြည်သူ ၂၆ ဦးသေဆုံးခဲ့ပြီး ၄၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံး ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article