26 C
Yangon

နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ခွင့်ပေးရန် အာဆီယံက ဆုံးဖြတ်ထားသော် လည်း စစ်အုပ်စုကို အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ခွင့်ပေးခဲ့မှု ပြန်သုံးသပ်ရန်နှင့် အာဆီယံထိပ်သီးအစည်း အဝေးသို့ NUG ကို တက်ခွင့်ပေးရန် အရပ်ဘက်အဖွဲ့ ၂၃၇ ခုတောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူများကိုသာ အာဆီယံအစည်းအဝေးများတွင် ကိုယ်စားလှယ်အဖြစ် တက်ခွင့်ပေးရန် အာဆီယံက ဆုံးဖြတ်ချက်ချထားသော် လည်း စစ်အုပ်စုကို အာဆီယံအ စည်း အဝေး ၅၀၀ ကျော် တက်ခွင့်ပေးခဲ့မှု ပြန်သုံးသပ်ရန် အရပ်ဘက်အဖွဲ့ ၂၃၇ ခုတောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ အာဆီယံက ဒေသတွင်း ထိပ်သီးအစည်း၀ေးနှင့် နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ သို့သော် စစ်အုပ်စုနှင့်၎င်း၏ခန့်အပ်ခံများသည် မြန်မာနိုင်ငံကိုကိုယ်စားပြု၍ အာဆီယံ အစည်းအ၀ေးပေါင်း ၅၀၀ ကျော်ကို တက်ရောက်ခွင့်ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ၀န်ကြီးအဆင့်အစည်းအ၀ေး ၂၀ ကျော်ကို တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်စု တက်ရောက်ခွင့်ရရှိခဲ့သော အစည်းအ၀ေးများတွင် ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာ၀ပတ်၀န်းကျင်၊ သဘာ ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေး၀ါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း စသည်တို့နှင့်စပ်လျဥ်းသော အစည်းအ၀ေးများ အပါ၀င်ဖြစ်ကြောင်း၊ ထိုအစည်းအ၀ေးများသို့ မင်းအောင်လှိုင်၊ စိုး၀င်း၊ မြထွန်းဦး၊ မိုးမြင့်ထွန်း၊ တင်အောင်စန်း၊ မိုးအောင်၊ ခင်မောင်ရီ၊ ကံဇော်၊ အောင်နိုင်ဦး အစရှိသည့် စစ်အုပ်စုခေါင်းဆောင်အပါအ၀င် စစ်အုပ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုစစ်အုပ်စုကိုယ်စားလှယ်များနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းဌာနများကို အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ နှင့်သြစတြေးလျ နိုင်ငံတို့က အရေးယူပိတ်ဆို့မှုများ ချမှတ်ထားကြောင်း၊ တစ်ချိန်တည်းမှာပင် “နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်” အား ဖိတ်ကြားသည့် ဆုံးဖြတ်ချက်သည် အဆင့်မြင့်အစည်းအ၀ေးများသို့ စစ်အုပ်စုကိုယ်စားလှယ်အား စေလွှတ်ခွင့် ပေးခြင်းဖြစ်သောကြောင့် အာဆီယံသည် စစ်အုပ်စုကို နိုင်ငံရေးအရတရား၀င်မှု ပေးအပ်ခြင်းပင် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအ၀ေးတွင် မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်၍ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ၀န်ကြီးများသို့ တောင်းဆိုသည့် အိပ်ဖွင့်ပေးစာကို ပေးပို့လိုက်ကြောင်း သိရှိရသည်။

အဆိုပါအိတ်ဖွင့် ပေးစာတွင် အာဆီယံအစည်းအဝေးများသို့ စစ်အုပ်စုအဖွဲ့ဝင်များ၏ လတ်တလော တက်ရောက်မှု အ‌ခြေအနေများအကြောင်းဖော်ပြထားပြီး အာဆီယံ ထိပ်သီးအစည်းအ၀ေးသည် အမြင့်ဆုံး မူ၀ါဒချမှတ်သည့် အစုဖွဲ့ဖြစ်သောကြောင့် မြန်မာနိုင်ငံကို မည်သူကိုယ်စားပြုခွင့် ရှိသည်ဆိုသည်နှင့် စပ်လျဥ်းသည့်ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ရန်၊ ဆုံးဖြတ်ချက် ပြောင်းလဲချမှတ်ရန် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အဆီယံအဖွဲ့၀င်နိုင်ငံများသို့ တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Defend Myanmar Democracy အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်” ဆိုတာမျိုးက လုံး၀မရှိပါဘူး။ အာဏာသိမ်းကြိုးပမ်းမှုဖြစ်စဥ် စတင်ကတည်းက စစ်အုပ်စု ခန့်အပ်ထားသူမှန်သမျှဟာ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး။ ဗုံးကျဲလိုက်၊ ညှင်းပန်းနှိပ်စက်လိုက်နဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံက အစည်းအ၀ေးဖိတ် ကြားတာဟာ အင်မတန် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံကိုထိန်းချုပ်ဖို့ ကြိုးစားပြီး အစိုးရအဖြစ်ပုံဖော်ဖို့ လုပ်ကြံဖန်တီးနေတဲ့ စစ်အုပ်စုရဲ့ အားထုတ်မှုကို အာဆီယံက အထောက်အပံ့ ပေးနေတာပဲဖြစ်တယ်။ အာဆီယံဟာ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေမှုကို ယိုင်လဲပျက်ပြားအောင် လုပ်နေတာပဲဖြစ်ပါတယ်။ အာဆီယံခေါင်း ဆောင်တွေဟာ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ရမှာ ဖြစ်ပါတ ယ်။ မြန်မာပြည်သူတွေအပေါ် ကောင်းကျိုး/ဆိုးကျိုး သက် ရောက်မှုတွေရှိတဲ့ ဒေသတွင်းဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျွန်တော်တို့ရဲ့ အစိုးရကို ပါ၀င်တက်ရောက်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ လူသတ်စစ်အုပ်စုကို ပါ၀င်ခွင့်ပေးရမှာ မဟုတ်ပါဘူး”။ ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံခေါင်းဆောင်များထံသို့ အကြမ်းဖက် မင်းအောင်လှိုင် သွားရောက် တွေ့ဆုံ ရှင်းပြနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံခေါင်းဆောင်များထံသို့ အကြမ်းဖက် မင်းအောင်လှိုင် သွားရောက် တွေ့ဆုံ ရှင်းပြနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article