27 C
Yangon

လက်ပံတန်း၊ ငှက်သိုက်ရွာ ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂစာရ အပါအဝင် ပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီး တန်ဖိုးရှိပစ္စည်းများကို လုယက်ယူဆောင်သွား၊ ၇ ရက်ကြာသည် အထိ ပြန်မလွှတ်ဘဲ တစ်ဦးလျှင် သိန်း ၅၀၀ ပေးမှ လွှတ်ပေးမည်ဟု ငွေတောင်းခံနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ် ဆင်တလင်း အုပ်စု ငှက်သိုက်ကျေးရွာ အတွင်း အကြမ်းဖက် စစ်သားများက ငှက်သိုက်ကျေးရွာ အတွင်းနေထိုင်သော ရွာဦးကျောင်း ဆရာတော် အပါအဝင် ပြည်သူများကို ဖမ်းဆီးကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်သားများက ငှက်သိုက်ကျေးရွာသို့ ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများသည် ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂစာရ၊ ဦးကြည်လွင် ၊ ဒေါ်တင်တင်ဦး၊ ဒေါ်ညိုရှင်၊ ဒေါ်ရွှေစင်အိတို့ ဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများကို လက်ပံတန်းမြို့နယ် ရဲစခန်း အချုပ်ခန်းထဲတွင် ထည့်ထားပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိကြောင်း၊ ပြန်လည် လွှတ်ပေးလိုလျှင် လူ ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀၀ ဖြင့် ရွေးယူရန် စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။

“အခု အဖမ်းခံ ထားတဲ့ မိသားစုဝင်တွေဆီက တစ်ဦး သိန်း ၅၀၀ တောင်းတယ်။ တွေ့ခွင်လည်း မပေးဘူးတဲ့ ။ ဖမ်းပြီး ရွှေ ငွေတွေကို အကြမ်းဖက်စစ်သားတွေက ဝင်ယူသွားတယ်။ အခုချိန်ထိ ဘာသတင်းမှ မကြားရသေးပါဘူး။ကျေးရွာအတွင်း နေထိုင်တဲ့ ပြည်သူတွေ ရွာထဲကနေ အပြင်မထွက်ပြီး အိမ်မှာ လူမရှိရင် မီးရှို့ ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပါတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ် ကျေးရွာကို ဝင်ရောက်စီးနင်းရာတွင် PDF ကို ထောက်ခံသည်ဆိုကာ စွပ်စွဲ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ထားကြောင်း၊ ကျေးရွာ အတွင်း ဆက်သွယ်ထားသော လမ်းများကို လုံးဝဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article