32 C
Yangon

တောင်ငူတွင် စစ်တောင်းမြစ်ရေ မြင့်တက်လာသဖြင့် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ဒေသပြည်သူတချို့ ရွှေ့ပြောင်းရပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ မြင့်တက်လာသဖြင့် ရေကြီးမှုများဖြစ်ပေါ်နေပြီး ဒေသပြည်သူတချို့ ပြန်လည်ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့ရေ စိုးရေမှတ် အထက် သို့ ၂ လက်မ ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ယင်းနောက် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်တွင် ဆက်လက် တည်ရှိနေနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တောင်ငူမြို့ အခြေစိုက် ဒေသသတင်းရင်းမြစ် Taungoo Media – TM က ယနေ့ နံနက်ပိုင်းတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ ၁၀ ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ မြစ်ကြီးပေါက် အလယ်ကျွန်းကျေးရွာများအတွင်းသို့ ဝင်ရောက်လာပြီး ရေဆက်လက် မြင့်တက်လာကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရေ တိုးနေပါတယ်။ မြေနိမ့်ပိုင်းမှာ နေထိုင်သူများ.ရွှေ့ပြောင်းရန် လိုအပ်ပါတယ်။အ ခုတင်ပေးထားတာတွေကလည်း ရေတက်လာတဲ့ကျေးရွာတွေပါ ” ဟု တောင်ငူမြို့ အခြေစိုက်ဒေသသတင်းရင်းမြစ် Taungoo Media – TM က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း တောင်ငူမြို့နယ် ကန်ရိုးအရှေ့ပိုင်းကျေးရွာ ၊ အောက်ချိုင်း မြင်းဖြူအင်း၊ ကြက်လျှာစွန်း ကျေးရွာနှင့် ရပ်ကွက်များ တွင် ရေများ ဝင်ရောက်လျက်ရှိကြောင်း ၊ အနိမ့်ပိုင်းနေရာများတွင် ရင်ဆို့အထိရေများ ဝင်ရောက်လာသဖြင့် ရွှေ့ပြောင်းရေးများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article