26 C
Yangon

လာရှိုးရှိ တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ဟု MNDAA က ပြောဆိုလိုက်ပြီး ဘုရားရုပ်ပွားတော်များနှင့် အဆောက်အအုံများ ပျက်စီးဟု ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့ရှိ တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား၍ ဗုံးကျဲ တိုက်ခိုက်သဖြင့် ဘုရားရုပ်ပွားတော်များနှင့် အဆောက်အအုံများ ပျက်စီးကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ၏ လေယာဉ်များက လားရှိုးမြို့ ရပ်ကွက် ၅ တွင် တည်ရှိနေသော တရုတ်ဘာသာရေးအဆောက်အအုံ ကွမ်ရင် ဘုရားကျောင်းကို တမင် ပစ်မှတ်ထား၍ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားရုပ်ပွားတော်များနှင့် အဆောက်အအုံအများအပြား ပျက်စီးခဲ့ရကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်း စစ်ကောင်စီက နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှစတင်ပြီး နံနက် ၅ နာရီ ၂၀ မိနစ်အချိန်အထိ လားရှိုးမြို့ပေါ်သို့ လေယာဉ်များဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ရပ်ကွက် ၈ ရှိ ၁၂၁ အနောက်တိုက်ကိုု ၂ ကြိမ်နှင့် ရပ်ကွက် ၅ ရှိ သမိုင်းဝင် တရုတ် ဘုံကျောင်းကို ၂ ကြိမ် ဗုံးများ ကျဲချခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် တရုတ်ဘုံကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုမှာ အောက်တိုဘာလ ၃ ရက်နေ့ ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် MNDAA များ တရုတ် ဘုံကျောင်းနှင့် ရေကန်တောင်ဘက်တွင် စုဝေးနေသည်ဟု ပို့စ်များကို စစ်တပ်လော်ဘီနှင့်စစ်တပ်ထောက်ခံသူများ ဖေ့ဘုတ်စ် Group အတွက် ဖော်ပြပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် တရုတ်ဘုံကျောင်းကို ဗုံးများ ကျဲခြင်းဖြစ်ကြောင်း သိရှိရသည်။

MNDAA ၏ ထုတ်ပြန်ချက်တွင်မူ အောက်တိုဘာ ၄ ရက် နံနက်အစောပိုင်း နံ နက် ၂ နာရီ ၁၃ မိနစ်အချိန် နံနက် ၅ နာရီ ၂၀ မိနစ် အချိန်အထိ ၃ နာရီအတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်း ဗုံးကြဲမှု နှစ်ကြိမ် မှာ ရပ်ကွက် ၅ ရှိ ကွမ်ရင် ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်း အဆောက်အဦများ အများအပြား ပျက်စီးခဲ့ကြောင်း၊ ကျန် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်သည် ရပ်ကွက် ၈ ရှိ အဆောက်အအုံကိုပစ် မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများ ရပ်နားခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် လေယာဉ်များဖြင့် ဗုံးကျဲမှုများ ပြန်လည် စတင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

စစ်ကောင်စီက ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် စစ်ဆင်ရေး နယ်မြေမဟုတ်သော နယ် မြေများတွင် အနည်းဆုံး လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား အနည်းဆုံး ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

default
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article