34 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်တိုင်းတိုင်းက ပင်လည်ဘူးမြို့ကို KIA – PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီတပ်စခန်းတွေကနေ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကိုပါ သိမ်းဆည်းရရှိခဲ့သလို ၊ လက်နက် ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ မိသားစုဝင် အယောက် ၃၀၀ ဝန်းကျင်ရှိပြီး တချို့ကို ဝန်းသိုမြို့ဘက် ဆုတ်ခွာခွင့်ပေးလိုက်သလို ၊ တိုက်ပွဲထဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေလည်း ရှိထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပကဖ အဖွဲ့က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီ အတွက် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ လက်ထဲ သက်သေခံ ပစ္စည်းတွေနဲ့အတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လောင်းလုံး မြို့နယ် ပကဖ တပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ တောင်သာမြို့နယ် နဲ့ ပဲခူးတိုင်း တောင်ငူမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကော်စီ အတွက် အားကျိုးမာန်တက် အလုပ်လုပ်ပေးနေသူ ၅ ဦး ပစ်ခတ်ခံရပြီး ၅ ဦးလုံး သေသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article