27 C
Yangon

အာဆီယံအထူးသံတမန်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ တွေ့ဆုံခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲကို အာဆီယံခေါင်းဆောင်များက အသိအမှတ်ပြုပြီး ဒီဇင်ဘာလ မြန်မာ့အရေးဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ ပိုမိုပါဝင်လာရန် မျှော်မှန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်နှင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ တွေ့ဆုံခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲကို အာဆီယံခေါင်းဆောင်များက အသိအမှတ်ပြုလိုက်ပြီး လာမည့် ဒီဇင်ဘာလ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးမှုတွင် အာဆီယံနိုင်ငံများ ပိုမိုပါဝင်လာရန်မျှော်လင့်ကြောင်း အာဆီယံက သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းပိုင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ဦးဆောင်ကျင်းပခဲ့သော မြန်မာ့အရေး အစည်းအဝေးကို အာဆီယံခေါင်း ဆောင် များက အသိအမှတ်ပြုခဲ့ပြီး ထိုင်းနိုင်ငံတွင် လာမည့်ဒီဇင်ဘာလတွင် မြန်မာ့အရေး အလွတ် သဘော အစည်းအဝေး ထပ်မံကျင်းပမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ ပိုမိုပါဝင်မည်ဟု မျှော် လင့်ကြောင်း အာဆီယံခေါင်းဆောင်များက အောက်တိုဘာလ ၉ ရက်နေ့ ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ​ငြိမ်းချမ်းစွာ ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များက ဆုံး ဖြတ်သဘောတူထားကြောင်း သိရှိရသည်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတါင် အာဆီယံခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်ထားရှိသွားရန် သဘောတူညီချက်ခဲ့ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြကြောင်း၊ မြန်မာ့အရေးကို ဖြေရှင်းရာတွင် အားလုံးပါဝင်ပြီး တာရှည်ခံ ငြိမ်းချမ်းသော ဆုံးဖြတ်ချက်တစ်ခု ရရှိစေရန် မြန်မာ ပြည်သူပြည်သား တစ်ရပ်လုံး၏ သဘောတူညီမှုချက်ဖြင့် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု အာဆီယံ ခေါင်းဆောင်များက တိုက်တွန်းသည်။

မြန်မာစစ်တပ်က စစ်အာဏာသိမ်းပြီး ၂ လအကြာ ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံခေါင်းဆောင်များ၏ သဘောတူညီမှုငါးရပ်ကို အတည်ပြုခဲ့ပြီး အကြမ်းဖက်မှုများ ရပ်စဲရေး၊အားလုံးပါဝင်သော နိုင်ငံရေးဆွေးဆွေးနွေးရန် အကြိမ်ကြိမ် စစ်ကောင်စီကို တိုက်တွန်းခဲ့သော်လည်း ၄ နှစ်ကျော်ကြာသည်အထိ မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။

မြန်မာနိုင်ငံသည် အာဆီယံ၏ အဓိကအစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး တာရှည်ခံသော အဖြေကို ရှာဖွေရာတွင် မြန်မာနိုင်ငံကို ကူညီပေးရန် အာဆီယံ၏ ကတိကဝတ်ကို ထပ်မံကတိပြုခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article