29 C
Yangon

မြဝတီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ကြေညာ၊ စစ်သုံ့ပန်းများနှင့် ၁၂၀ မမ အမြောက် ၂ လက်၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ

Must read

မြဝတီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ကြေညာ၊ စစ်သုံ့ပန်းများနှင့် ၁၂၀ မမ အမြောက် ၂ လက်၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြ၀တီနှင့် ဖလူးဒေသ တလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူကို အမြဲတစေ လူ့အခွင့် အရေး ချိုးဖောက်ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNUဗဟိုက ကြေညာသည်။

အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိကြောင်း KNU ကြေညာသည်။

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်း သည် ၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့ကာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းသည့် အချိန်မှစပြီး တပ်မ ၂၂ တပ်မ ၄၄ နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

၎င်းတပ်စခန်းသည် ထိုင်းမြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့် အချိန်မှစတင်၍ မြဝတီနှင့် ဖလူးဒေသတလျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ပြည်သူလူထုကို အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

ထိုတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်တို့က ၇ လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စခန်း သိမ်းပိုက်စဉ် အတွင်း စစ်သုံ့ပန်းများအပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များထံမှ ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ပွိုင့်ဖိုက် ၁ လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြှောက်အများ ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article