29 C
Yangon

အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထောင်ဒဏ်ချမှတ်ထားသည့် ရှေ့နေဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရပြီး NUG ဝန်ကြီးက ကိုယ်စားတက်ရောက် ဆုလက်ခံမည်

Must read

အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထောင်ဒဏ်ချမှတ်ထားသည့် ရှေ့နေဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရပြီး NUG ဝန်ကြီးက ကိုယ်စားတက်ရောက် ဆုလက်ခံမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၈

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံထားသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024) ဆုချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) Via Emilio de’ Cavalieri အဖွဲ့အစည်းက ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024 ) ကို ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ၊ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ရွက်နုအောင်၏ လွတ်လပ်သော တရားရေးဆိုင်ရာ လုပ်ငန်းများလုပ် ဆောင်နေမှု၊ နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ တက်ကြွစွာ လူ့အခွင့်အရေး ကာကွယ် လုပ်ဆောင်နေမှုကို အကြောင်းပြု၍ ယခုကဲ့သို့ လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ဆုချီးမြှင့်သူများဘက်က ထုတ်ဖော်ပြောဆိုထားသည်။

ဒေါ်ရွက်နုအောင်သည် ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ မန္တလေးအိုးဘိုထောင်တွင် တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်ကာ ဆုကို လာရောက်လက်ခံယူနိုင်ခြင်းမရှိသဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်းများ၏အမှုများကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် ပေးခဲ့သည့်တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ပုဒ်မ- ၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article