28 C
Yangon

ဖျာပုံတံတားဂိတ်တွင် စစ်ကောင်စီ တပ်သားများက ခရီးသွား ပြည်သူများထံမှ နေ့စဉ် ခြိမ်းခြောက် ငွေညှစ်နေပြီး သေနတ်ပြ၍ ခြိမ်းခြောက် မှုများလည်း လုပ်ဆောင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဖျာပုံတံတားအဆင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခရီးသွား ပြည်သူများထံမှ နေ့စဉ် ခြိမ်းခြောက် ငွေညှစ်နေပြီး သေနတ်ပြ၍ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖျာပုံတံတားအဆင်းတွင် ပြည်သူများကို မှတ်ပုံတင်ပါ မပါ စစ်ဆေနေခြင်းဖြစ်ပြီး မှတ်ပုံတင်မပါပါက‌ ငွေညှစ်ခြင်း၊ မှတ်ပုံတင်ပါလျှင်လည်း သက်တမ်းတိုးရန် လိုသည်ဟုဆိုကာ ငွေညှစ်ခြင်း၊ မှတ်ပုံတင် သက်တမ်းတိုးရန် မလိုသူဆိုပါက နယ်ကျော်သည်ဟုဆိုကာ ငွေညှစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဧရာဝတီဘက်က လူငယ်တွေ အများစုက ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အများဆုံး အလုပ်လုပ်ကြတာပါ။ အိမ်ကို အလည်အပတ် ပြန်ချိန်ဆိုရတဲ့ လစာလေးတွေထဲက မိဘမကန်တော့ရသေးဘူး။ ဒီကောင်တွေက အမြဲ ဖြတ်ဖြတ်ခုတ်နေတာ တစ်ယောက်ကို ၁၀၀၀ ကနေ ၅၀၀၀ ကြား တစ်ရက်ကို အနည်းဆုံး လူ ၁၀၀ လောက်ရှိတယ်။ ကလေးတွေ မျက်နှာတွေဆို သေနတ်ပြ ခြိမ်းခြောက် ငွေညှစ်တော့ အမြဲ ကြောက်နေကြရတာ”ဟု ဖျာပုံဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုသို့ ဖျာပုံတံတားအဆင်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို ငွေကောက်ခံနေသည်မှာ ၂၀၂၃ ခုနှစ်က စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်သူအချို့ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိဘဲ လက်ရှိအချိန်ထိ ကောက်ခံနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေကို မှတ်ပုံတင်စစ်တယ်။ မှတ်ပုံတင် ပါတာတောင် အသက်ကျော်နေတယ်ဆိုပြီး အထဲခေါ်ခေါ်သွားပြီး ငွေညစ်တယ် ။ မှတ်ပုံ လဲဖို့လည်း မလိုအပ်ဘူးဆို နယ်မြေကျော်တယ်ဆိုပြီး ငွေညစ်တယ်။ စမတ်ကတ်မပါဘူးဆိုပြီးလည်း ငွေညှစ်တယ်။ ပြည်သူက ပြန်ပြောရင် ပြောတဲ့သူတွေကို အပြစ်သားလို ဒူးထောက်လက်မြှောက်ထိုင်ခိုင်းတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article