ရန်ကုန်၊ အောက်တိုဘာ ၂၂
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းစုံစမ်းနေသော ပျူစောထီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ပဲခူးရိုးမ အခြေပြု BTZM GBK PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဘောင်ဘင်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းထောက်လွတ်ထားသော ပျူစောထီး ၁ ဦးကို BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကလည်း ဇီးကုန်းမြို့နယ် ၊ ဘော်ဘင်ရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ဒရုန်းဖြင့် ၄ ကြိမ် ဘော်ဘင်တမံ အမှတ်-၁ ဘောင်ပေါ်ကို ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ ည ၈ နာရီခန့်ကလည်း ထိပ်အောင်စိုးမိုးရွာထိပ် မှနေ၍ လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ်ခဲ့ရာ ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတားထိပ်ရှိ ပြည်သူပိုင် နေအိမ် ၁ လုံးပေါ် ကျရောက်၍ ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကတော့ မပြင်းထန်သေးပါဘူး။ ဒီနေ့ နံနက် ၂ နာရီအချိန်လောက်မှာ ပျူခွေးတွေနဲ့ စစ်ခွေးတွေ လာပြီးတော့ ချောင်းပစ်တယ်။ ကျနော်တို့ဘက်က တစုံတရာ အသံမပေးဘူး ငြိမ်ထားတာ ပစ်မှတ်မတိကျတဲ့အတွက် မပစ်ဘဲ ငြိမ်ပြီး ဝပ်နေတာပါ။ ဒီရက်ပိုင်းတော့ တိုက်ပွဲပြင်းထန်ဖို့ အခြေအနေရှိပါတယ်” ဟု ပဲခူးရိုးမ အခြေပြု BTZM GBK PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကင်မွန်တော်ပျူစောထီးရွာကို အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကင်မွန်တော်ပျူစောထီးရွာကို အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများနှင့် လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ ဘက်မှာလည်း အထိနာနေ၍ ၆၀ မမ၊ စက်လက်၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သော်လည်း တော်လှန်ရေး မဟာမိတ်များဘက်မှ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) ၊တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)၊ တပ်ခွဲ(၃)၊ တပ်စိတ်(၁) နှင့် နယ်ခံပကဖ မဟာမိတ်များက ပူပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
