28 C
Yangon

နတ်မောက်၊ ဆုံမကျီးပင်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်နေသော ပျူစောထီး ခေါင်းဆောင် ဇော်မင်းနှင့်ကြံ့ဖွတ်ပါတီဝင် ၂ ဦးတို့ ပစ်ခတ်ခံရပြီး ၃ ဦးစလုံးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာ သန်းခေါင်စာရင်းကောက်နေသော ပျူစောထီး ခေါင်းဆောင်ဇော်မင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန် နတ်မောက်မြို့နယ်၊ ဆုံမကျီး ပင်ကျေးရွာနေ ကြံ့ဖွတ်ရပ်ကျေးခေါင်း ဆောင်လည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဇော်မင်း အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်းကာ ကျေးရွာနေပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက် ခြင်း၊ ပေါ်တာဆွဲခြင်း၊ သန်းခေါင်စာရင်းကောက်ရာတွင် ဦးဆောင်နေခြင်း စသည့် ပြစ်မှုများကျူးလွန် နေသဖြင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ် ပေါင်းစု ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

“သူက ကြံ့ဖွတ်ရပ်ကျေးခေါင်းဆောင်၊ ပျူခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး စစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာတာတွေကို စကစနဲ့ပေါင်းပြီး လုပ်နေတဲ့သူ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးဆောင်လုပ်ပေးနေသူပါ။ ရွာမှဆိုရင် အုပ်ကြီးကိုတောင် သူက ပြန်ခိုင်းနေတာ၊” ဟု နတ်မောက် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ဇော်မင်း၏အလောင်းကို ညပိုင်းတွင် အကြမ်းဖက်စစ် သားများက လာရောက်သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူ လူထုအပေါ် ဒုက္ခပေးနေသည့် မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်သဖွယ်သဘောထားကာ ရှင်းလင်းသွား မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက သတိပေးထားသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် မကွေးတိုင်း၊ နတ်မောက်မြိုနယ်၊ကျောက်တန်းကျေးရွာတွင် နေထိုင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့်အတူ တွဲဖက်အလုပ်လုပ်နေသော ကြံ့ဖွတ်ပါတီဝင် တင်ထွန်းနှင့် ကံအောင်တို့ ၂ ဦးမှာလည်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article