30 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ်၏ နောက်ဆုံး အင်အားအကြီးဆုံး တပ်စခန်း ဖြစ်သော အနန်းကွင်းတပ်စခန်းမှ စစ်သား ၃၀ ကျော် လက်နက်ချ အလင်းဝင်၊ ဗျူဟာစခန်းသိမ်းနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်တပ်၏ နောက်ဆုံး အင်အားအကြီးဆုံး ဗျူဟာစခန်း ဖြစ်သော အနန်းကွင်းတပ်စခန်းမှ စစ်သား ၃၀ ကျော် လက်နက်ချ အလင်းဝင်လာကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာတပ်စခန်းနှင့် အနန်းကွင်းဗျူဟာတပ်စခန်းတို့ကို ယခုနှစ် မတ်လ မှစတင်၍ တပြိုင်နက်တည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ စွယ်တော်ကုန်းဗျူဟာတပ်စခန်းမှာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အနန်းကွင်းဗျူဟာတပ်စခန်းကိုမူ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ လက်နက်ချသူလည်း များပြားကြောင်း သိရှိရသည်။

“KNU တပ်မဟာ ၆ နယ်မြေထဲမှာ အနန်းကွင်းက နောက်ဆုံးလက်ကျန်စခန်းတွေထဲက အင်အားကြီး ဗျူဟာစခန်းတခုဖြစ်ပါတယ်။ အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲမှာ ရန်သူသေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူတွေများပြားပါတယ်။ အခုလက်ရှိမှာ တစ်ဝက်ကျော်ကျော် လူရော လက်နက်ရောရထားပြီးပြီ။ လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်က စစ်သား ၃၀ ကျော် လက်နက်ချ အညံ့ခံပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီ၏ အနန်းကွင်း ဗျူဟာတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီးပါက ဝေါလေဘက်တွင် စခန်းငယ်လေးများသာ ကျန်ရှိတော့ပြီး မြို့ပေါ်စခန်းတချို့လည်း ကျန်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနှစ် မေလအတွင်း စစ်တပ်၏ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းတိုက်ပွဲများတွင် Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ် မေလအတွင်း စစ်တပ်၏ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းတိုက်ပွဲများတွင် Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်နေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article