28 C
Yangon

ဝက်လက်တွင် ချစ်သူအမျိုးသမီးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးကို NUG တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာတွင် ချစ်သူအမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ် ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တော ကျေးရွာနေ ချစ်သူ သမီးရည်းစားချင်း စကားများရန်ဖြစ်ရာ PDF ရွှေဘိုခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၁ – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်း နိုင် (ခ) လင်းစေ သေနတ်ဖြင့် တချက်တည်းပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) ဖြင့် အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာမှု ပေါ် ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် (ဆယ်နှစ်) ကျခံစေရန် နှင့် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အတည်ပြု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မ တော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော် တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက် ရှိ သလို တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံး လုပ်နည်းများ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ် ပြန် ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article