29 C
Yangon

ကုန်းတွင်းပိတ် လာအိုနိုင်ငံသို့ မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် စေလွှတ် အလုပ်လုပ်ခွင့်ရေး စစ်ကောင်စီနှင့်လာအိုတို့အကြား လက်မှတ်ရေးထိုး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ယခင်က မြန်မာနိုင်ငံထက် များစွာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော ကုန်းတွင်းပိတ် လာအိုနိုင်ငံသို့ ယခုအခါ မြန်မာအလုပ်သမားစေလွှတ်နိုင်ရေးအတွက် လာအိုနိုင်ငံနှင့် စစ်ကောင်စီတို့အကြား နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နှင့် လာအို အလုပ်သမားရေးဝန်ကြီး Mrs Baykham Khattiya.တို့အကြား နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် လာအိုနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာအလုပ်သမားများ တရားဝင်စာရွက်စာတမ်းရရှိရေး၊ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်းရှိ မြန်မာအလုပ်သမားများအရေးကိစ္စ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ၊ ယင်းနောက် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်က လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Alpiloao စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားကို သွားရောက်တွေ့ဆုံ၍ လုပ်ခလစာ ၂၅ ရာခိုင်နှုန်း မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လာအိုနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှုများ လတ်တလော မရှိသေးကြောင်း၊ လာအိုနိုင်ငံသည် ယခင်က မြန်မာနိုင်ငံထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံနှင့်ချိတ်ဆက်ထားသော အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန် အမြန်ရထားလမ်းဖောက်လုပ်ပြီးချိန်မှစ၍ စက်မှုဇုန်များဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနေကြောင်း၊ အလုပ်သမားလိုအပ်ချက်များပြားလာနေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာနေသည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

“လာအိုကတော့ တစ်ခါမှ မပို့ဖူးသေးဘူး။ MOU စနစ်နဲ့ကတော့ ထိုင်းပဲ အဓိက ပို့တာ။ အခုက လာအိုက တဖြည်းဖြည်းတိုးတက်နေတယ်။ အရင်က ထိုင်းကို လာအိုတွေ လာပြီး အလုပ်လုပ်ကြတာ။ အခုတော့ လာအိုတော်တော်များများ သူ့နိုင်ငံသူ ပြန်ကုန်ကြပြီ။ အခု MOU စနစ်နဲ့ လာအိုနဲ့ မြန်မာ လက်မှတ်ထိုးထားပြီဆိုတော့ မကြာခင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအတွက် လာအိုကို MOU နဲ့ အလုပ်သမား လွှတ်ခွင့် ပေးမယ်ထင်ပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။

၂၀၂၄ ခုနှစ်တွင် လာအို၏ တစ်ဦးချင်း GDP အမေရိကန်ဒေါ်လာ ၈၄၀၂ ဒေါ်လာရှိမည်ဟု ခန့်မှန်းပြီး မြန်မာနိုင်ငံ၏ တစ်ဦးချင်း GDP မှာမူ အမေရိကန်ဒေါ်လာ ၄၂၇၂ ဖြစ်ကြောင်း၊ လေးနှစ်အတွင်း လာအိုနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ပုံမှန်တိုးတက်နေကြောင်း ကမ္ဘာ့စီးပွားရေးဆိုင်ရာအစီရင်ခံစာများက ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article