27 C
Yangon

အုတ်ဖို၊ ကန်းနီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျပြီး ပြည်သူ ၁ ဦးကိုဖမ်းဆီးသွား၊ ကျေးရွာ ၃ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကန်းနီရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် ပြာကျခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန်းနီ ရွာမှ ဆုတ်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်တွင် နင်းမိုင်း အမြောက်အများထောင်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် ကန်းနီ ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် ထပ်မံ စုဖွဲ့ ဝင်ရောက်လာပြီး ကန့်နီကျေးရွာ ဘော်ဘင်တိုက်ရှိ ပြည်သူပိုင်နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်းနီရွာမှ အမျိုးသမီး ၆ ဦးကို ဖမ်းဆီးသွားပြီး အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၁ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း၊ လက်ရှိချိန်ထိ ဆင်တဲကုန်း၊ ကန်းနီနှင့် တံငါကုန်း ရွာမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့သွားလို့ ကန်းနီရွာက နေအိမ် ၁၀ လုံးကျော် မီးလောင် ပျက်စီးခဲ့တယ်။ အနီးနားက ဆင်တဲကုန်း၊ ကန်းနီ နဲ့ တံငါကုန်းရွာက ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်။ အမျိူးသမီး ၆ ဦးကို လူသားဒိုင်းအဖြစ် ဝိုင်းရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မနေ့က ညနေကတော့ ၅ ဦးကိုပြန်လွှတ်ပြီး ၁ ဦးကိုတော့ အခုထိ ပြန်မလွှတ်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article